သန်းခေါင်စာရင်း ဒေတာအပေါ် မူတည်၍ နှစ်စဉ်နှစ်တိုင်း ဗဟိုအစိုးရရန်ပုံငွေ သန်းထောင်ပေါင်များစွာကို ဆေးရုံများ၊ မီးသတ်ဌာနများ၊ ကျောင်းများ၊ လမ်းများနှင့် အခြားရင်းမြစ်များတွင် သုံးစွဲပါသည်။
သန်းခေါင်စာရင်း ရလဒ်များက ကွန်ဂရက်တွင် ပြည်နယ်တစ်ခုစီက ရရှိမည့် နေရာအရေအတွက်ကို ဆုံးဖြတ်ပေးပြီး မဲဆန္ဒနယ်များအတွက် နယ်နိမိတ်များ ရေးဆွဲရာတွင်လည်း ၎င်းတို့ကို အသုံးပြုပါသည်။
အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သန်းခေါင်စာရင်းကို လိုအပ်ပါသည်။ အပိုင်း 1၊ ပိုဒ်ခွဲ 2 တွင် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏လူဦးရေစာရင်းကို 10 နှစ်လျှင်တစ်ကြိမ် ရေတွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ 1790 ခုနှစ်တွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်းအား ရေတွက်ခဲ့သည်။
ဥပဒေအရ သန်းခေါင်စာရင်းဌာနအနေဖြင့် သင့်အဖြေများကို ကာကွယ်ပြီး ၎င်းတို့ကို တင်းကြပ်စွာ လျှို့ဝှက်ထားရမည်ဟု သတ်မှတ်ထားသည်။ စင်စစ် ဝန်ထမ်းတိုင်းသည် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်ကို အသက်ပေး၍ ကာကွယ်ရန် ကျမ်းကျိန်ထားပါသည်။
အမေရိကန်ပြည်ထောင်စု ကိုဓဥပဒေ အခန်း 13အရ သန်းခေါင်စာရင်းဌာနသည် သင်မည်သူမည်ဝါဖြစ်ကြောင်း၊ သင့်နေအိမ် သို့မဟုတ် သင့်လုပ်ငန်းအကြောင်း ဖော်ထုတ်နိုင်သော အချက်အလက်မှန်သမျှကို တရားဥပဒေစိုးမိုးရေး အစိုးရဌာနများထံပင် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေ။ ဥပဒေက သင်၏ ပုဂ္ဂိုလ်ရေး ဒေတာများကို ကာကွယ်ပေးထားပြီး သင့်အဖြေများကို သင့်ခွင့်ပြုချက်မပါဘဲ မည်သည့်အစိုးရဌာန သို့မဟုတ် တရားရုံးကမျှ အသုံးပြု၍ မရနိုင်ကြောင်း အာမခံပေးသည်။
ယင်းသည် 2020 သန်းခေါင်စာရင်း၏ ပုံမှန်အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်ပါသည်။ သင်သည် အချို့သော အကြောင်းရင်းအမျိုးမျိုးကြောင့် သင့်ဒေသအတွင်း သန်းခေါင်စာရင်း ကောက်ခံသည့် ဝန်ထမ်းများကို တွေ့ ရှိနိုင်ပါသည်-
2020 ခုနှစ် မေလတွင် သန်းခေါင်စာရင်း ကောက်ခံသူများသည် လူတိုင်းလူတိုင်းအား သန်းခေါင်စာရင်းတွင် ရေတွက်ထားကြောင်း သေချာစေရန် 2020 သန်းခေါင်စာရင်းကို ဖြေဆိုထားခြင်းမရှိသည့် နေအိမ်များသို့ စတင်လာရောက်ပါမည်။
သန်းခေါင်စာရင်းဌာန၏ သတင်းများနှင့် အချက်အလက်များကို သင့်သူငယ်ချင်းများ၊ မိသားစုနှင့် Facebook ၊ Twitter နှင့် Instagram ရှိ ဖော်လိုဝါများထံ မျှဝေပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။
ရာပေါင်းများစွာသော ကော်ပိုရေးရှင်းများ၊ အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းများ၊ မူဝါဒရေးဆွဲသူများနှင့် တစ်သီးပုဂ္ဂလများသည် 2020 သန်းခေါင်စာရင်းအကြောင်းနှင့် ယင်းတွင် ပါဝင်ရန် မည်သည့်အတွက်ကြောင့် အရေးကြီးသည်ကို လူအများသိလာအောင် မျှဝေပြောပြပေးနေပါသည်။
သန်းခေါင်စာရင်းဌာနသည် 2020 သန်းခေါင်စာရင်းနှင့် ပတ်သက်၍ လူမှုအသိုင်းအဝိုင်းများ ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာပေး အကြောင်းအရာများကို ပံ့ပိုးပေးပါသည်။